ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ EPC ရုံးဝန်ထမ်းက မီတာခတွေ လိမ်လည်သွားတာကို မဖြေရှင်းဘဲ ပြည်သူတွေနေအိမ်က မီတာပုံးတွေကို လိုက်ဖြုတ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့ ဗိုလ်ဘဌေးအတွင်းလမ်း ခရေပင်ကုန်း ၊လက်ပံကုန်း ၊ ထန်းကုန်းတို့မှာ မီတာပုံးတွေကို အကြမ်းဖက် လက်အောက်ခံတွေက လိုက်ဖြုတ်နေတယ်လို့ ပုသိမ်မြို့ပြပြောက်ကျား သတင်းပြန်ကြား ရေးက ပြောပါတယ်။
“မီတာစာရွက်လိုက်ဝေတဲ့ ဝန်ထမ်းကို မီတာပေးဆောင်ခိုင်းထားတာ အဲဝန်ထမ်းက မဆောင်ဘဲ လိမ်သွား တာကို မီတာရုံးက မဖြေရှင်းပေးဘဲ ပြည်သူတွေကိုသာ ဒုက္ခပေးနေတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျား သတင်းပြန်ကြားရေးက ပြောပါတယ်။
ဒါအပြင် မေလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာပုသိမ်မြို့ ၊ ပုသိမ် သလပ်ခွာ လမ်းမကြီး သံပတ်ဂွ ဓမ္မာရုံမှာ အကြမ်းဖက်စစ်တပ် ၁၀ဦးခန့်က အထိုင်ကျနေထိုင်ပြီးဓမ္မာရုံရှေ့ဘုရားဝန်းတွင်မှာဘန်ကာ ၂ခု ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကားအကြီးတစ်စီး အမြဲရပ်ထားတာကို တွေ့ရှိရပြီး ဘန်ကာတစ်ခုကို အလွတ်ထားပြီး အလယ်ကျွန်း ဘန်ကာမှာ အကြမ်းဖက်တပ်သားတွေက ကင်းစောင့်ကာ ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို ဆက်ကြေး တောင်းနေတယ်လို့ ပုသိမ်မြို့ပြပြောက်ကျား သတင်းပြန်ကြားရေးက သိရပါတယ်။