ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်သားတစ်ဦး ပုသိမ် ပကဖ ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၁) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း (အဆရ-၁၁) မှ တပ်သားဟာ ဇွန် ၆ ရက်နေ့မှာ ပုသိမ်မြို့နယ် ပြည်သူ့ ကာကွယ် ရေး အဖွဲ့ထံ ဆက်သွယ် ခိုလှုံခဲ့တာပါ။
ရန်သူစစ်တပ်ထံမှ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားရဲဘော်အား မြို့နယ် ပကဖ မှ ကြိုဆိုလက်ခံခဲ့ပြီး၊ လုံခြုံတဲ့ နေရာထိ ရောက်ရှိ အောင်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ် ပကဖထံ ကူးပြောင်းရောက်ရှိတဲ့ ရန်သူတပ်ဖွဲ့ဝင်များအနက် အခု ခိုလှုံလာတဲ့သူက ၁၁ ဦးမြောက်ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။