ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်ကြီး စာရေး ၁ ဦး အလင်းဝင်လာကြောင်း ပုသိမ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ စစ်လက်နက် ပစ္စည်းတပ်ခွဲ စနခ ၄၄၄ မှ တပ်ကြပ်ကြီး စာရေးသည် ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ချိတ်ဆက်ပြီး အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်ကြပ်ကြီးကို မြို့နယ် ပကဖ တာဝန်ခံ ရဲဘော် ကိုစစ်က ဂုဏ်ပြုဆုငွေ ငါးသိန်းကျပ် သွားရောက်ပေးအပ်ခဲ့ပြီး CDM နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ လိုအပ်သည့်အရာများပါ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင် များကို အထူးတိုက်တွန်းလိုကြောင်း မြို့နယ် ပကဖ သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားသည်။