မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်များက ပေါက်မြို့နယ်ရှိ ပုသိမ်-မုံရွာလမ်းပိုင်းကို လုံခြုံရေး လိုအပ်ချက်အရ စိုးမိုး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းကို ဖြတ်သန်းသွားလာမည့် မော်တော်ယာဥ်များ အနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်သည့် လူများ ပစ္စည်းများကို တင်ဆောင်ခြင်း မပြုကြရန်နှင့် ကြည်ဖြူစွာ စစ်ဆေးခံရန် မိဘပြည်သူများထံ အသိပေးလိုကြောင်း ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။