ပဲခူးတိုင်း၊ ပေါက်ခေါင်းမြိုနယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး၏ အလောင်းလာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံးသွားကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ကျေးရွာတွင် နေထိုင်သော ပျူစောထီးခေါင်းဆောင် စိုးမြင့်ကို ၎င်း၏နေအိမ်၌ ပြည် ခရိုင် PDF တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ ၁ က သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အလောင်းကောက်ရန် အင်ငါးဂွဂိတ်မှ ဆိုင်ကယ် ၇ စီးဖြင့် အကြမ်း ဖက်စစ်သား၊ ရဲ ၁၄ ဦးတို့ထွက်လာခဲ့ရာ ည ၁၂ နာရီအချိန် ကြို့ပင်ဝိုင်းရွာနှင့် သစ်ရောင်းပြန်ကျေး ရွာအကြား အရောက်တွင် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၅ စီး လဲကျသွား ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များဘက်က ၄၀ မမ ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပေါက်ခေါင်းမြို့နယ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်ရဲဘော်များမှာ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။