ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များမီးလောင်နေပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပေါက်တောမြစ်ကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောက ပေါက်တောမြို့ရှိ နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေ ရပ်ကွက်များ မီးလောင်နေကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ရမ်းဗြဲမြို့အတွင်း ဝင်ရောက်လာကာ အမှတ် ၅ ရပ်ကွက်၊ လောင်းချောင်းအရပ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် အကြမ်းဖက် စစ်တပ်သည် ရမ်းဗြဲမြို့အတွင်း လေကြောင်းဖြင့် လက်နက်၊ ရိက္ခာနှင့် လူအင်အား ဖြည့်တင်လျက်ရှိကြောင်း သိရသည်။