ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ မနေက ည ၁၁ နာရီ ၄၀ မိနစ်မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ပေါက်တောမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင် သလို မြောက်ဦး ၊ မင်းပြား ၊ ကျောက်တော် နဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း လက်နက်ချ အညံမခံတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ အသိပေး ထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မဌာနချုပ် နဲ့ အထိုင်ချစခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူဖို့ ကြိုးစားနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထား ပါတယ်။
တိုက်ပွဲမှာ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရေတပ်ကတော့ နေဗီသင်္ဘောပေါ်ကနေ မင်းပြားမြို့နယ် ၊ သဲတန်းကျေးရွာကို ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၃ ဆောင်လည်း ပျက်စီးခဲ့ရပါတယ်။