မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ပိုင်း ပေါက်ချောင်းအောက်စုရွာအနောက်ဘက်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက် နေ့လည် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် ပေါက်မြို့မှ ပေါက်ချောင်း အောက်စုကျေးရွာ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ အသင့်ပြင်ထးသော မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးဒဏ်ရာရစစ်သားများကို ၁၀ ဘီးကားတစ်စီး၊ A4 ကားတစ်စီး၊ ဖောကားတစ်စီးဖြင့် ပေါက်မြို့ နယ်ဆေးရုံအတွင်းသို့သယ်ဆောင်းသွားကြောင်းသိရသည်။
“မိုင်းထိတဲ့ခွေးတွေကို ကောက်ရိုးတွေနဲ့အုပ်ပြိး သယ်သွားတာ၊ အသေအပျောက်တော့ရှိနိုင်တယ်၊ မိုင်း ဆွဲတဲ့အဖွဲ့ကလည်း ဘယ်အဖွဲ့ဆိုတာ မသိရသေးဘူး၊ ခွေးသေထိခိုက်မှုအရေအတွက်ကလည်း မသိရ သေးပါဘူး၊ မိုင်းဆွဲတဲ့နေရာမှာပဲ ခွေးတွေက ရှိနေသေးတယ်၊ ပေါက်ဆေးရုံကမနိုင်တဲ့ လူနာတွေကို ပခုက္ကူဆေးရုံပို့ဖို့ စီစဉ်နေတယ်လို့ သိရတယ်” ဟု ပေါက်မြို့နယ်တွင်နေထိုင်သူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှု မသိရသေးကြောင်း ပူရိယက္ခညီနောင် စစ်ကြောင်းထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက် ည ၇ နာရီခွဲခန့်က ပုလောကုန်းကျေးရွာ၊ ပုလောကုန်းတံတားရှိ အကြမ်းဖက်စစ်သား များကို တိုက်ခိုက်ခဲ့ရာ ၁ နာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိ အောင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သော်လည်း အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို KNDO ဦးစီးသည့် ပူရိယ္ခညီနောင်စစ်ကြောင်းမှ မိုင်းခွဲတိုက်ခိုက်ပြီးနောက် ပုလော ကုန်း ကျေးရွာရှိ အကြမ်းဖက်စစ်သားများနှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။