မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ပိုင်း ချောင်းကူး ပင်မဓာတ်အားခွဲလျှပ်စစ်ရုံးနှင့် စစ်တပ်ကင်း ပုန်းကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပကစ ၂၄ စစ်ရုံလုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း သွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ယနေ့ ဧပြီလ ၄ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ် အနောက်ပိုင်း ချောင်းကူးပင်းမဓာတ်အားခွဲ လျှပ်စစ်ရုံး နှင့် ကင်းပုန်းယူထားသည့် အကြမ်းဖက်စစ်သားများကို Drone ၄ စီး ဖြင့် 3 kg ဗုံးသီး ၆ လုံး၊ 1.8 kg ဗုံးသီး ၂ လုံး ၊ 800 gm ဗုံးသီး ၆ လုံး၊ 500 gm ဗုံးသီး ၂၄ လုံးနှင့် ရော့ကတ်ဖြင့် ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ စက်လက်နက်ပစ္စည်းထုတ်လုပ်မှု စက်ရုံ ကပစ ၂၄ အတွင်း လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းကူး ပင်မဓာတ်အားခွဲ လျှပ်စစ်ရုံးအား မြိုင် ပကဖ နှင့် ပေါက် ပကဖ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပေါက်မြို့နယ်၊ ဆူးပုတ်ခုံရွာနှင့် သရက်တော့ရွာတို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ချောင်းကူးကျေးကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ် များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။