မကွေးတိုင်း ပေါက်မြို့နယ်အတွင်း တော်လှန်ရေးရဲဘော်များ ပါဝင်ကစားသည့် ပြည်သူ့အုပ်ချုပ်ရေးဖလား ဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း Successful Force – Pauk မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေအတွင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါက်မြို့နယ်ထဲမှာရှိတဲ့ ပကဖတွေ၊ Lpdf တွေနှင့်အတူ တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်ကြပါတယ်ဗျ။ အားလုံးလည်း စည်းလုံးညီညွှတ်မှုရရှိစေရေး၊ရင်းနှီးမှုရှိစေရေး၊ပူးပေါင်းဆောင်ရွက်စေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပပေးခဲ့တာပါဗျ” ဟု Successful Force – Pauk မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ပေါက်မြို့နယ် လူစာနာတာဝန်ခံ ကိုPKမှ ဦးစီးပြီး ကျင်းပပေးခြင်းဖြစ်ပြီး ပေါက်မြို့နယ်ထဲရှိ ပကဖ အဖွဲ့အစည်းအားလုံးနီးပါး ပါဝင်ကြောင်း၊ ပေါက်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့များသည်် နယ်မြေ စိုးမိုးနိုင်ရုံသာမက ပြည်သူ့အုပ်ချုပ်ရေးဖလား ပြိုင်ပွဲများ ကျင်းပပေးနိုင်ပြီဖြစ်ကြောင်းလည်း Successful Force – Pauk မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ပြိုင်ပွဲမှာ အသင်း ၁၄ သင်း ၊ ၄ အုပ်စုခွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမ ဆု ရရှိသော ဇုံ- ၁ ဘောလုံး အသင်းကို ဆုငွေ ၅ သိန်းနှင့် ဆုဖလားကို မြို့နယ် ပအဖ ခေါင်းဆောင် အရီးမှ ပေးအပ်ပြီး ဆုကြေးငွေ ၅ သိန်းကျပ်နှင့် ဆုဖလားကို မြို့နယ် ပအဖခေါင်းဆောင် အရီးမှ ပေးအပ်ပြီး ဒုတိယဆု ရရှိသော NPRF ဘောလုံး အသင်းကို ဆုကြေးငွေ ၃ သိန်းကျပ်နှင့် ငွေဆွဲပြားကို မြို့နယ် ပကဖ ခေါင်းဆောင် ဦးစည်သူမှ ပေးအပ်ခဲ့ကြောင်း၊ တတိယဆု ရရှိသော Justice Fighters ဘောလုံးအသင်းကို ဆုကြေးငွေ ၁ သိန်းကျပ်ကို မြို့နယ် ပလဖခေါင်းဆောင် ဦးပေါက်ကျိုင်းမှ ပေးအပ််ခဲ့ကြောင်း သိရှိရသည်။