ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် ပဲခူးတိုင်း၊ ပေါင်းတည် မြို့ နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ နတ်ရေတွင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့တွင် နတ်ရေတွင်း ကျေးရွာ အပြင်ဘက်ရှိ နေအိမ်များကို မီးရှို့ခဲ့ ကြောင်း၊ ယနေ့တွင် ကျေးရွာထဲသို့ ဝင်ရောက် မီးရှို့ကြောင်း၊ နတ်ရေတွင်း ကျေးရွာသည် အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိပြီး ပြည်သူများ ထွက်ပြေးတိမ်း ရှောင် နေရ ကြောင်း သိရှိရသည်။
“မနေ့ကနေ့လယ်ကတော့ နတ်ရေတွင်းရွာရဲ့အပြင်ဘက်က နေအိမ်စုတွေကို မီးရှို့ပါတယ်။ ညောင်ပင်တဲစုလေး အားလုံးပြာကျသွားတယ်။ နတ်ကန် တဲစု လေးမှာ အိမ် ၃ လုံးပဲကျန်ခဲ့ပါတယ်။ နတ်ရေတွင်းရွာမှာက အိမ်ခြေ ၂၅၀ ဝန်းကျင် ရှိပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ပေါင်းတည်၊ တောင်ခမောက် ကျေးရွာကို မီးရှို့ပြီးကတည်းက စစ်တပ်က မပြန်တော့ဘဲ အနားက ရွာတွေကို ဆက်ပြီး မီးလိုက်ရှို့နေတာ။ အင်အား ၁၀၀ ဝန်းကျင်နဲ့ ” ဟု ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။
နတ်ရေတွင်းကျေးရွာမှာ ပြည်သူများအားလုံးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က တည်း က စစ်ဘေးရှောင်နေကြသဖြင့် ယနေ့ စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ကာ မီးရှို့ချိန်တွင် ပြည်သူများ ဘေးကင်း ကြောင်း သိရှိရသည်။