ပဲခူးတိုင်း ၊နတ္တလင်းခရိုင် ၊အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦးက အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဒေသ၊အမှတ်-၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်း-၃၈၀၁ ရဲ့ တပ်ခွဲ (၁)ထံ အလင်းဝင်လာတယ်လို့ YOMA GBD PDF က စက်တင်ဘာ ၁၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဇီးကုန်းမြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၈၀၆၃၂ ရဲတပ်သားက စက်တင်ဘာ ၅ ရက်မှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက် YOMA GBD PDF ထံ G 4 သေနတ် ၁ လက်၊ကျည်ဘောက်အပို (၄) ခု၊ကျည် ၁၁၅တောင့် ပါယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ လက်အောက်ခံ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ ရဲ့ တပ်ခွဲ ၁ဖြစ်တဲ့ YOMA GBD PDF က CDM လုပ်ပြီး အလင်းဝင်လာတဲ့ ရဲတပ်သားကို ဝမ်းမြောက်စွာကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။