ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို တစ်ရက်တည်းတွင် ပစ်ခတ်အရေးယူခဲ့ကြောင်း ပြည်ခရိုင် PDFတပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့ နယ်၊ ကြိုပင်အုပ်စုအုပ်ချုပ်ရေးမှူးညွှန့်စိုးနှင့် သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး(ယာယီ)အောင်ဝင်းဆိုသူတို့ဖြစ်ကြောင်း PPDF က အသိပေးသည်။
ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်အုပ်စုအုပ်ချုပ်ရေးမှူး ညွှန့်စိုးဆိုသူသည် မေလ ၃၁ရက် နေ့လယ် ၂ နာရီခွဲခန့်က ပေါင်းတလည်ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဥ် ကြို့ပင်ဝိုင်းရွာအနီး၌ တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၁)နှင့် (ဆောင်းခိုငှက်) ပေါက်ခေါင်းမြို့နယ်-ပကဖအဖွဲ့တို့မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အုပ်ကြီးညွှန့်စိုးဆို ဆိုင်ကယ်စီးလာသည်ကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည်ထိမှန်၍ နေရာတင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း တပ်ရင်း(၃၆၀၁) မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။
အလားတူ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဓား သွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး (ယာယီ) အောင် ဝင်းဆိုသူအား ယမန်နေ့(မေ ၃၁)ည ၇ နာရီခန့်၌ တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၁) နှင့် တပ်ခွဲ(၃) Wisdom(2)အဖွဲ့တို့မှ ၎င်း၏ နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ နေရာ၌ ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း အသိပေးသည်။
ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဓားသွေးကျောင်အုပ်စု ယာယီအုပ်ချုပ်ရေးမှူး အောင်ဝင်းသည် ယခင်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီးနောက် ရာအိမ်မှူးတာဝန်မှ အုပ်ချုပ်ရေးမှူးတာဝန်ပြောင်းယူကာ စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေသူဖြစ်သည့်အပြင် ၎င်းပါဝင်၍ ဖမ်းဆီးမှုကြောင့် လူငယ်သုံးဦးဖမ်း ဆီးခဲခဲ့ရရာ တစ်ဦးမှာ စစ်ကြောရေး၌ အ သက်ဆုံးရှုံးခဲ့ရဖူးသည်။
၎င်းအုပ်ချုပ်ရေးမှူးညွှန်စိုးမှာအုပ်စုအတွင်း လူငယ်လူရွယ်များက်ိုစစ်မှု့ထမ်းရန်အတင်းအဓ္မစုဆောင်းပေးခြင်း၊တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏သတင်းကိုစစ်ကောင်စီထံပေးပို့ခြင်း၊ညွှန်စိုး၏သတင်းပေးပိုမှု့ကြောင့်တော် လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်အချို့လည်းစစ်ကောင်စီမှဖမ်းစီးခြင်းကိုခံရသူတွေလည်းရှိပါသည်။
ပစ်ခတ်အရေးယူမှုလုပ်ဆောင်ခဲ့သော စစ်ကောင်စီခန့်အုပ်ကြီးနှစ်ဦးသည် စစ်ကောင်စီအတွက် လူသစ်များအတင်းအဓမ္မစုဆောင်းပေးခြင်း၊ စစ်ကောင်စီအား ထောင်ပံ့ခြင်းအပြင် ပြည်သူလူထုအား အမျိုးမျိုးဒုက္ခပေးနေခြင်းကြောင့် ယခုကဲ့သို့ အရေးခဲ့ခြင်းဖြစ် ကြောင်း တပ်ရင်း ၃၆၀၁(PPDF)မှ ပြန်ကြား ရေးတာဝန်ခံက ပြောသည်။
“နှုတ်ထွက်ဖို့ကျန်နေသေးတဲ့ အုပ်ကြီးတွေကိုပြောချင်တာက အမြန်ဆုံးပြည်သူနဲ့ ပူးပေါင်းပါ။ သတိပေးလျက်နဲ့မှ စကစ အလိုကျ ဆက်လုပ်နေမယ်ဆိုရင် ရှေ့ကအုပ်ကြီးတွေလို ပြတ်ပြတ်သားသားအရေးယူခံရမယ်”ဟု ၎င်းက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကောင် စီ၏အုပ်ချုပ်ရေးပစ်မှတ်များကို အဓိကထားပြတ်ပြတ်သားသားအရေးယူနေပြီဖြစ်သော ကြောင့် ကျန်ရှိနေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အမြန်ဆုံးနုတ်ထွက်ကြရန် တိုက်တွန်းထားသည်။
ပြီးခဲ့သည့်မေလအတွင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်၊ သဲကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်များမှ စစ်ကောင်စီခန့် အုပ်ချုက်ရေးမှူးသုံးဦးကို တပ်သားသစ်စုဆောင်းသည့်ဖြစ်စဥ်များနှင့်စပ်လျဥ်းပြီး တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်အရေးယူခဲ့ရာ နှစ်ဦးသေဆုံးပြီး သေနတ်တစ်လက်ရခဲ့သည်။