ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများမှ ပြည်သူများကို မဲနှိုက်စေကာ စစ်ကောင်စီ တပ်က ပြည်သူ့စစ်နှင့် တပ်သား သစ်စု ဆောင်းနေမှု အခြေအနေ ဆိုးလာ ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောကြား သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ တစ်ရွာလျှင် အင်အား ၂၀ မှ ၅၀ နှုန်းဖြင့် တပ်သားသစ်များကို မဲနှိုက်၍ မဝင်မနေရ စုဆောင်းနေကြောင်း၊ အသက် ၅၀ အရွယ်များပင် ကင်း လွတ်ခွင့်မရကြဘဲ မဲနှိုက်နေရကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်းရှိ ရွာသစ်ကျေးရွာ၊ ကွင်းမကျေးရွာ၊ ကုလားတောကျေးရွာ၊ ရစ်ကန် လေးကျေးရွာ၊ ကမာစဲကျေးရွာ တို့တွင် မဝင်မနေရ မဲနှိုက်ရွေးချယ် နေခြင်း ဖြစ်ပြီး ရွာကြီးတစ်ရွာလျှင် လူဦးရေ ၅၀ ဦးနှုန်း၊ ရွာငယ်တစ်ရွာလျှင် လူဦးရေ ၂၀ ဦးနှုန်းဖြင့် ပေးရကြောင်း၊ မဲပေါက်ပြီး တပ်သားသစ်အဖြစ် မဝင် လိုပါက လူတစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ ခန့် လာဘ်ထိုးရကြောင်း တပ်တွင်း သတင်းရင်းမြစ်၊ ထွေ အုပ် သတင်းရင်းမြစ်နှင့် ရပ်ကျေးအုပ် ချုပ်ရေးမှူး သတင်း ရင်းမြစ်များထံက သိရသည်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင်လည်း အသက် ၁၈မှ ၅၅နှစ်အတွင်း အမျိုးသား များ ပြည်သူ့စစ်ထဲဝင်ခိုင်းနေကြောင်း၊ ရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စတင်လူစုဆောင်းနေကြောင်း Paungde Scout Network က သတင်း ထုတ် ပြန်သည်။
နိုင်ငံတစ်ဝန်း စစ်မျက်နှာအသီးသီးတွင် ရှုံးနိမ့်နေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားလာသဖြင့် စစ်အင်အား ထပ်မံဖြည့်တင်းရန် ပေါ်တာ ဆွဲခြင်း၊ Online မှဖျားယောင်းသွေးဆောင်ခြင်း၊ ခြိမ်း ခြောက်အကြပ်ကိုင်ခြင်း၊ ထောင်ကျ အကျဉ်းသားများကို ထုတ်ကာ တပ်သားသစ်စုဆောင်းခြင်းတို့ လုပ် ဆောင်နေရာက ယခုအခါ ပေါ်ပေါ်ထင်ထင် လူသစ်စုဆောင်း လာခြင်း ဖြစ် ကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ၎င်းတို့ အသက် ရှင် ရပ်တည်ရေး အတွက် စစ်ကောင်စီအုပ်ချုပ်ရေးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ပြည်သူ များကိုပါ စစ်ထဲသို့ ဆွဲသွင်းပြီး အသက်အားလုံးကို စတေးတော့ မည် ဖြစ်ပြီး စစ်ကောင်စီပြုတ်ကျ မှာ သာ စိတ်အေးချမ်းသာ စွာနေထိုင် နိုင်မည် ဖြစ်သဖြင့် စစ်အာဏာရှင်အမြစ်ပြတ် တော် လှန်ရေး ကို ပြည်သူ တစ်ဦး ချင်းဆီတိုင်းက ပူးပေါင်းပါဝင် ပေးကြရတော့မည်ဖြစ်ကြောင်း CDM တပ် အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။