မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာတွင် စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် စစ်သားစုဆောင်းရေး လုပ်ကိုင်နေသူ အုပ်ချုပ်ရေးမှူး စိုးတင်ံနှင့် ပဲခူးတိုင်း၊ ပေါင်းတည်မှ ပျူစောထီး နိုင်ကြီးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်နှင့် ပြည်သူများက ပြောဆိုကြသည်။
မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ပျော်ဘွယ်မြို့နယ် ဒီးဒုတ်ကုန်းကျေးရွာ အုပ်ချုပ်ရေး စိုးတင့်သည် သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ၎င်းသည် စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် စစ်သားစုဆောင်းရေးအတွက် လုပ်ဆောင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်သားစုဆောင်းရေး လုပ်နေတုန်း ပစ်ခတ်ခံရပြီး အုပ်ကြီးစိုးတင့်ဆုံးတယ်။ အရှင်းခံရမယ့်စာရင်းမှာ ပါနေတာက ၅ ဦးလို့ပြောတယ်။ ကျန်တဲ့သူတွေက တော့ ရှောင်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
အလားတူ မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု၊သစ်ပုတ်ရွာနေ အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် ပျူစောထီး နိုင်ကြီးသည် ချီတက်ရွာမှသစ်ပုတ်ရွာသို့လှည်းဖြင့်ပြန်လာစဉ် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ နှင့်တပ်ခွဲ ၅ တို့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။
ပျူစောထီး နိုင်ကြီးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ထောင်ထားသောမိုင်းကွင်းများကိုလိုက်လံချောင်း မြောင်း၍ မိုင်းကွင်းများရှိရာကိုရှောင်တိမ်းသွားလာနိုင်စေရန်လမ်းပြပေးခြင်း၊ရွာထဲတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏မိသားစုများ နေထိုင်၍ မရအောင် စစ်တပ်ထံသို့ သတင်းပို့ခြင်း၊ ဖမ်ဆီး စစ်ဆေးခိုင်းခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူစစ်မှုထမ်းရန်ကျေးရွာအတွင်လူငယ်များကိုအတင်းအဓ္မခေါ်ယူစုဆောင်းပေးနေသူလည်းဖြစ်ကြောင်း သိရှိရသည်။