မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် မန္တလေးတိုင်း ပကဖ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
ဧပြီလ ၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း ပကဖ က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ နေထိုင်သော အဆောင်အနီးကို ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ရှော့တိုက်ဒုံး ၄ လုံးကတော့ ထိမှန်တယ်လို့ သတင်းကြားသိထားရတယ်။ ပျက်စီးမှု အခြေအနေနဲ့ ဒဏ်ရာရရှိသူရှိမရှိတော့ မသိရသေးဘူး။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် မြို့ဝင်မြို့ထွက်တွေကို အစစ်အဆေးကြမ်းနေတယ်။ တချို့ကားတွေဆိုရင် ပေးမသွားတာတွေလည်းရှိတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။