အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအဖွဲ့များသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်း၊ မန္တလေး ဒေသများက စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ထမင်းဟင်း နှင့် အာဟာရဒါန ကျွေးမွေးရန်အတွက် ၁၇ သိန်း ၅ သောင်းကျပ်၊ စစ်ဒေသ ၁ ပြင်ဦးလွင်ခရိုင် PDF – 510 တပ်ရင်းသို့ ၁၀ သိန်းကျပ်၊ ဟင်္သာတခရိုင်အမှတ် ၁ တပ်ရင်းသို့ ၅ သိန်းကျပ်၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၂ သို့ သိန်းကျပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း ၇၀၄ သို့ ၅ သိန်းကျပ်၊ Spring Phoenix Force သို့ ၁၀ သိန်း ၆ သောင်းကျပ် တို့ကို လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။