အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးလွင်ကိုလတ်နဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန (မွန်ပြည် နယ်၊တနင်္သာရီတိုင်း) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၅ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ထောက်လှမ်းရေးစီမံချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာတဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဖွဲ့ဝင် ၃၀ ကျော်တို့နဲ့ မဟာဗျူဟာမြောက်ပစ်မှတ်ထောက်လှမ်းခြင်းကိစ္စရပ်များ၊ အကြမ်းဖက်နှိမ်နင်းရေးကိစ္စရပ်များ၊ ထောက်လှမ်းရေးယန္တရားတိုးမြှင့်ခြင်းကိစ္စရပ်များ၊ ဌာနတွင်းအခက်အခဲလိုအပ်ချက်များနဲ့ မြေပြင်အခြေအနေများကို ၂ နာရီကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ခိုင်မာစွာချမှတ်နိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်မှာ အခမ်းအနားကို အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။