ပဲခူးတိုင်း၊ ပြည်မြိုနယ်၊ တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဈေးဝယ်ပြီး နေအိမ် ပြန်လာစဉ် တောင်နဝင်းဆည်၊ မြောင်းဘောင်လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ မေလ ၈ ရက်၊ မနက် ၈ နာရီ ဝန်းကျင်က တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဆွေဆွေမြင့် တို့ ဈေးဝယ်ပြီး ပြန်လာစဉ် မြောင်းဘောင်လမ်း အနောက်ဘက်မှာ PDF က ပစ်သတ် လိုက်တာလို့ သိရပါတယ်။
ဥိးစိုးသန်း ဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့အပြင် ဇနီးဖြစ်သူက စစ်သားနဲ့ရဲ အားကိုးပြီး ပြည်သူလူထုကို ခြိမ်းခြောက်အနိုင်ကျင့် ဖမ်းဆီးခိုင်းတာတွေ ကျူးလွန်နေလို့ PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁) က ပစ်ခတ်ရှင်းလင်း ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပစ်သတ်ခံရသူ ၂ ဦးဟာ စစ်ကောင်စီရဲ့ အကြီးစား ဒေါက်တိုင်များဖြစ်ပြီး ပြည်သူလူထုကို နည်းမျိုးစုံ အနိုင်ကျင့်ဗိုလ်ကျ ခြိမ်းခြောက်နေသူတွေ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိနေပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။