ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့က နွေဦီးအာဇာနည်နေ့ ဖြစ်သလို ပြည်သူတွေ လူငယ်တွေက အောင်ပွဲနဲ့ ထိုက်တန်တဲ့ လူတွေ ဖြစ်တယ်ဆိုတာ ကိုဂျင်မီ ကိုဇေယျာသော် အမှူးပြုတဲ့ သူရဲကောင်းတွေက အသက်နဲ့ ရင်းပြီး သက်သေခံခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦိးရည်မွန်က ပြောကြားလိုက်ပါတယ်။
ကျဆုံးသူရဲကောင်းတွေနဲ့ နွေဦးတော်လှန်ရေးအတွင်းက အာဇာနည်တွေကို အောက်မေ့ဂုဏ်ပြုခြင်း အခမ်းအနားကို ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အခုလိုရက်မှာ ကျဆုံးခဲ့ကြတဲ့ ကိုဂျင်မီ ကိုဇေယျာသော် အမှူးတဲ့ သူရဲကောင်းတွေကို အလေးပြုဖို့ ဒိကနေ့ ကျတော်တို့စုစုံနေကြတာဖြစ်ပြီး ကမ္ဘာတည်သရွေ့ မွှေးပျံ့နေမှာလဲ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
လူသတ်ကောင်တွေရဲ့ သမိုင်းကတော့ ကမ္ဘာတည်သ၍ စပ်ဆုတ်ရွံရှာဖွယ် ဖြစ်နေမှာဖြစ်ပြီး ကိုဂျင်မီ ကိုဇေယျာသော် ဆိုရင် ပြည်သူ့နွေဦီးတော်လှန်ရေးရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခဲ့တဲ့ နေရာမှာလဲ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ သူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောဆိုပါတယ်။
“သူတို့ကို ဆုံးရှုံးလိုက်ရတာက တော်လှန်ရေးအတွက်ရော ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက်ပါ အရေးကြီးတဲ ကြီးကျယ်တဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ သူရဲကောင်းတွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ပြောပါတယ်။ စစ်အာဏာရှင်ရှိနေသမျှဒီလို ဝမ်းနည်းကြေကွဲစရာဖြစ်ရပ်တွေကို ကျတော်တို့ ကြုံတွေ့နေရမှာ အဆုံးရှိမှာ မဟုတ်ပါဘူး သူရဲကောင်းတွေကို အမှန်တကယ်ဂုဏ်ပြုလိုတယ်ဆို သူတို့ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို လက်ဆင့်ကမ်းပြီး တော်လှန်ရေးအောင်ပွဲခံတဲ့အထိ ဆက်လက်ချီတက်ကြဖို့” ပြည်ထောင်စုဝန်ကြီး ဦိးရည်မွန်က က ပြောကြားပါတယ်။
ပြည်သူတွေ လူငယ်တွေက အောင်ပွဲနဲ့ ထိုက်တန်တဲ့ လူမျိုးတွေ အောင်ပွဲနဲ့ ထိုက်တန်တယ်ဆိုတာ ကိုဂျင်မီ ကိုဇေယျာသော် အမှူးပြုတဲ့ သူရဲကောင်းတွေက သူတို့ အသက်နဲ့ ရင်းပြီး သက်သေတည်ခဲ့ပြီဖြစ်တယ်လို့ ဝန်ကြီး က ထည့်သွင်းပြောကြားသွားပါတယ်။