ပြည်သူများ၏ ဓနဘဏ္ဍာစည်းစိမ်များကို စုဆောင်းစီမံနိုင်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အမျိုးသားညီညွတ်ရေးအစိုးရက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
နွေဦးဖွံဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လုံခြုံလွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီဂျစ်တယ် ခေတ်သစ်ဘဏ် ဖြစ်ကြောင်း၊ လုံခြုံမှု အမြင့်မားဆုံး စနစ်ကို အခြေခံသည့် ဘလော့ချိန်းနည်းပညာ ဖြင့် တည်ဆောက်ထား၍ ပြည်သူ့ဓန ဘဏ္ဍာစည်းစိမ်များကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေးအတွက် အစဥ်မြဲ ကြိုးစားအားထုတ်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲစည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ စည်းမျဥ်း ချမှတ် ခွင့်ပြုထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မျှော်မှန်းကာ မိဘပြည်သူ တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားကို ရှေးရှ၍ ပြည်သူ့ဘဏ်စစ်စစ် အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာထားသည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်ကို လူမှုကွန်ရက်များတွင် စတင်၍ အောက်ပါ လိပ်စာများတွင် Follow ၊ Like နှင့် Join လုပ်ထားနိုင်ပြီဖြစ်သည်။
Messenger
Telegram
Youtube
Threads