တနင်္သာရီတိုင်းအတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကို ကာကွယ် နိုင်ရေးအတွက် ဗုံးခိုကျင်းတူးဖို့ လိုအပ်လာပါက နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေဆီ အကူအညီ တောင်းနိုင်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြောခွင့်ရသူ ရဲဘော်ဂျိုကာက PVTV ကိုပြောပါတယ်။
တနင်္သာရီတိုင်းတွင်း နေရာအနှံ့အပြားမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းအသုံးပြုပြီးတော့ တိုက်ခိုက်မှုတွေပြုလုပ်နေသလို တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အများပြည်သူနေထိုင်စုဝေးရာ ဆေးရုံ၊ အားကစားကွင်း၊ စာသင်ကျောင်း ရပ်ရွာနေအိမ်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ရဲဘော်ဂျိုကာက ပြောပါတယ်။
“ဗုံးခိုကျင်းမဆောက်တက်ပါက နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့တွေဆီမှာ အကူအညီတောင်းကြပါ။ လာရောက်နည်းပြပေးဖို့ အဆင်သင့်ရှိသလို အကယ်၍ ဗုံးခိုကျင်းလုပ်ဖို့ ယောက်ျားသားမရှိ အသက်ကြီးသူတွေပဲရှိတယ်ဆိုရင်လည်း ကျွန်တော်တို့တပ်ဖွဲ့တွေ လာရောက်တူးပေးပါမယ် ခင်ဗျာ”ရဲဘော်ဂျိုကာက ပြောပါတယ်။
လက်ရှိမှာ တနင်္သာရီတိုင်းတွင်းမှာ စစ်ပွဲတွေဖြစ်ဖို့ တာဆူနေတယ်ဆိုတာနဲ့ ထိုးစစ်တွေ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေ မစတင်ကတည်းက ကြိုပြီးပြည်သူကို သတင်းစကားထားပါးတယ်လို့လည်း သူကဆိုပါတယ်။
“စစ်ခွေးတွေကတော့ ခွေးကျင့်ခွေကြံ ကြံတယ်ပေါ့ ၊ ခွေးရူးတွေကတော့ ခွေးရူးအကြံ ကြံတယ်။ တိုက်ပွဲဖြစ် ပြီဆိုရင် သူတို့ကနေရာမလပ် လေယာဥ်နဲ့ ဗုံးကြဲမယ် အမြောက်နဲ့လှမ်းထု မယ်ပေါ့။ နောက်ထက် ပြည်သူလူထုမထိခိုက်မနစ်နာစေချင်တော့ဘူး။ ကျွန်တော်တို့လည်း အသက်နိုင်ဆုံး ကာကွယ်တယ်။ ကာကွယ်မယ် ပြည်သူလူထုကလည်းအသက်နိုင်ဆုံး ကိုယ့်အသက်ကိုယ် ကာကွယ်ကြဖို့ ဗုံးခိုကျင်းတွေတည်ဆောက်ထားကြဖို့ ထပ်မံမေတ္တာရပ်ခံပါတယ်”လို့ ရဲဘော်ဂျိုကာက ပြောပါတယ်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်တွေက ဧပြီ ၂၃ ရက်နေ့ ကစလို မေလ ၈ ရက် အထိ ၁၆ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဖက်က ၂၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားရှိခဲ့တယ်လို့ သိရပါတယ်။