စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၂) တပ်ရင်း ရဲ့ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲက ကိုယ်တိုင်ထုတ်လုပ် ထားတဲ့ ၆၀မမ စိန်ပြောင်းတွေကို ဗျူဟာ တပ်ရင်းတွေကို ပြန်လည် မျှဝေပေးမယ်လို့ ပြောပါတယ်။
လျှပ်စီးတပ်ခွဲရဲ့ ခွဲမှူး ဗိုလ်မိုးကြိုးက “ စိန်ပြောင်း ၆ လက် လုပ်ပြီးပြီပေါ့၊ တပ်ခွဲ (၃)ရဲ့ တပ်ရင်းဖြစ်တဲ့ မုံရွာ ခရိုင် အမှတ် (၁၂) တပ်ရင်း ရယ်၊ အမှတ် (၁၇) တပ်ရင်းရယ်၊ အမှတ် (၁၅)တပ်ရင်း ရယ် ၃ ရင်း တဗျူဟာပေါ့ ၊ တပ်ရင်းတရင်းကို ၂ လက်စီ ချပေးသွား မယ်လို့ ” ပြောပါတယ်။
ထုတ်လုပ်မှုစရိတ်အဖြစ် တလက်ကို ၇သိန်း ၊ ၈ သိန်းလောက် ကုန်ကျပြီး၊ ၆၀မမ ဗုံးသီး ၃၀၀ ထုတ်လုပ်ဖို့ စီမံချက် ချထားတယ်လို့ ဆိုပါတယ်။
လက်နက်၊ ခဲယမ်း ထုတ်လုပ်မှု ကုန်ကျစရိတ်များဟာ စတင်ထုတ်လုပ်ခဲ့စဥ်ကထက် များစွာ မြင့်မားလာတာကြောင့် ပြည်တွင်း၊ ပြည်ပ စေတနာ ရှင်တွေက ကူညီထောက်ပံ့ပေး ဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။