ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ပြည်သူ့အချစ်တော် PDF ရဲဘော်တွေကို နှစ်သစ်ကူး အသက်ကယ် လက်ဆောင်ပေးမယ့် Project Life Saving ကမ်ပိန်းကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဒို့ကမ်ပိန်းက အသိပေးထုတ်ပြန် ထားပါတယ်။
” ပွဲတော်ကာလဖြစ်တဲ့ ဒီအချိန်အခါမှာ နှစ်သစ်အသက်ကယ်လက်ဆောင်အဖြစ် ကျည်ကာဦးထုပ် နဲ့ ကျည်ကာ vest တွေ တပ်ဆင်ပေးဖို့အားလုံးသောပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ အပုံ လိုက် အပုံလိုက်တွေ သိမ်းနေတဲ့အချိန်မှာ ရှူံးမဲ မဲပြီး ရမ်းသမ်းပစ်လိုက်တဲ့ တချက်ကြောင့် ပြည်သူ့ အချစ်တော်လေးတွေ မလိုလားအပ်ဘဲအထိအခိုက်မရှိရအောင်၊ အန္တရာယ်ကင်းကင်း နဲ့အောင်ပွဲခံနိုင်အောင် ဒီ Project Live Saving မှာ ပါဝင်ကြရအောင်။” လို့ ဒို့ကမ်ပိန်းက ပြောပါတယ်။
PDF ရဲဘော်တစ်ဦးချင်းအတွက် set လိုက် ကုန်ကျငွေက အမေရိကန်ဒေါ်လာ ၄၃၀ (မြန်မာငွေ ကျပ် ၁၅ သိန်း) ရှိတယ်ဆိုတာနဲ့ တစ်ခုချင်းအတွက်ဆိုရင် ဦးထုပ် (USD 115, မြန်မာငွေ ၄သိန်း) ၊ ကျည်ကာ vest (USD 315, မြန်မာငွေ ၁၁သိန်း) အစရှိသဖြင့် ကျသင့်တယ်လို့ ဆိုပါတယ်။
ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ မိမိတို့ တက်နိုင်သလောက် နှစ်သစ် လက်ဆောင်အဖြစ်နဲ့ ထောက်ပံ့နိုင်ပါတယ်။
Project Life Saving ကမ်ပိန်းမှာ ပါဝင်ချင်တယ်ဆိုရင် https://www.facebook.com/dohcampaign.2.0 ကိုဝင်ရောက်ကြည့်ရှုပြီး ဆက်သွယ်လှူဒါန်းနိုင် ပါတယ်။