မကွေးတိုင်း၊ အကြမ်းဖက် စစ်တပ် နဲ့လက်ပါးစေ ပျူစောထီး များ အခြေချ တပ်စွဲနေထိုင်တဲ့ ကန်နီရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ပြည်သူ့အရေးတော်ပုံ ရှစ်လေးလုံး (၃၅) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဒရုန်း အသုံးပြုပြီး၊ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
ရှစ်လေးလုံး (၃၅) နှစ်ပြည့်အဖြစ် သြဂုတ် ၈ ရက်မှာ Eagle Brigade (Anyar Eagles) ၊ပခုက္ကူခရိုင်တပ်ရင်း (၁၀) တပ်ခွဲ (၃) ရေစကြို Phoenix ပြောက်ကျား တပ်ဖွဲ့၊ N – YSO ပြောက်ကျား တပ်ဖွဲ့၊ Myaung Special Drone Force၊ Myaing Fighter Defense Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade မှ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင် ရန်သူကို ပူးပေါင်း ထောက်ခံသူတွေဟာ တော်လှန်ရေး ရဲဘော်များရဲ့ ရန်သူတွေဘဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။