စစ်ကိုင်းတိုင်း၊ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဩဂုတ်လ(၂၇) ရက်နေ့မှာ “ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒါ့အပြင် ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုဖိုးချမ်း ကျဆုံးခြင်း (၂) နှစ်(၅) လပြည့်အဖြစ် ကိုဖိုးချမ်း ဂူဗိမာန်ကို ချီတက်အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။