ရေစကြိုမြို့ပေါ်မှာ စစ်အုပ်စုနဲ့တိုက်ပွဲဖြစ်ပြီး အဖမ်းခံရတဲ့ Myingyan Black Tiger (MBT) အဖွဲ့ကရဲဘော်တစ်ဦးကို စစ်အုပ်စုက နိပ်စက်ကာ သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကို ရေထဲမျှောခဲ့တဲ့အတွက် ဆယ်ယူသဂြိုလ်လိုက်ရတယ်လို့ အဖွဲ့ခေါင်းဆောင်က MFP ကိုပြောပါတယ်။
မနေ့ မေ (၂၅) ရက်က ရေစကြိုမြို့ပေါ်မှာ စစ်အုပ်စုက မနက်ပိုင်း (MBT) အဖွဲ့ကရဲဘော်နှစ်ဦးကိုပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ဦးကပြန်လည်လွတ်မြောက်လာပေမယ် အခုကျဆုံးသွားတဲ့ရဲဘော်ကတော့ ဖမ်းဆီးခံပြီးပစ်သတ်ခံလိုက်ရတာပါ။
ကျဆုံးရဲဘော်ရဲ့အလောင်းကိုတော့ မြစ်ထဲကပြန်လည်ဆယ်ယူရရှိခဲ့တာဖြစ်ပြီး မသေခင်နိပ်စက်ခံထားရကာ ဦးခေါင်းကိုသေနတ်နဲ့တေ့ပစ်သတ်ခဲ့တာလို့ MBT အဖွဲ့ခေါင်းဆောင် က MFP ကိုပြောပါတယ်။
အခုကျဆုံးသွားတဲ့ ရဲဘော်တိုးနိုင်ဟာ အသတ် (၂၀) ဝန်းကျင်ခန့်သာရှိသေးပြီး ဒီကနေ့မနက်မှာတော့ တပ်ဖွဲ့က အမိန်ပြန်တမ်းထုတ်ပြန်သဂြိုလ်လိုက်တာဖြစ်ပါတယ်။
စစ်အုပ်စုကို(၂) နှစ်နီးပါး ခုခံတွန်းလှန်နေတဲ့ Myingyan Black Tiger (MBT) အဖွဲ့မှာ စစ်အုပ်စုကိုတိုက်ခိုက်ရင်းရဲဘော် (၃) ဦးကျဆုံးခဲ့ပြီးဆယ်ယောက်ထက်မနည်းဖမ်းခံရကာတိုက်ပွဲမှာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။
အဖွဲ့အနေနဲ့ တည်ထောင်ချိန်ကစလို စစ်အုပ်စုကို တိုက်ခိုက်မှုတွေအများအပြားပြုလုပ်ထားပြီး စစ်အုပ်စုရာဂဏန်းလောက်ကိုရှင်းလင်းထားနိုင်တယ်လို့ အဖွဲ့ခေါင်းဆောင်ကဆိုပါတယ်။
Myingyan Black Tiger (MBT) အဖွဲ့ဟာ မကွေးတိုင်းရေစကြိုမြို့အနီးတစ်ဝိုက်မှာ အခြေပြုလုပ်ရှားနေတာဖြစ်ပြီး မနေ့ကလည်း အခုကျဆုံးသွားတဲ့ရဲဘော်ကိုကယ်ထုတ်ဖို့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ပြီး ရဲဘော်ကိုမကယ်နိုင်ခဲ့ပေမယ် စစ်အုပ်စုဆယ်ဂဏန်းလောက်ကိုသေဆုံးအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။