ကရင်နီပြည်၏ ဝင်ပေါက်တံခါးတစ်ခုလို ဖြစ်သည့် ဖယ်ခုံ-မိုးဗြဲဒေသတွင်းရှိ မဟာမိတ်ပူးပေါင်းအင်အားစုများ 1111 operation တွင် အဆုံးသတ်တိုက်ပွဲအတွက် လိုအပ်သည့် ခဲယမ်းများ ဝယ်ယူ ထောက်ပို့နိုင်ရန် “ကရင်နီတံခါး” ကမ်ပိန်းကို စတင်ပြီဖြစ်ကြောင်း ကမ်ပိန်းစီစဉ်သူများထံမှ သိရှိရသည်။
ကရင်နီတံခါး ကမ်ပိန်းမျှော်မှန်းရန်ပုံငွေသည် ကျပ် သိန်း၁သောင်းဖြစ်ပြီး ကရင်နီတံခါး ကမ်ပိန်းတွင် ပါဝင်လိုသူများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ အထိ ပါဝင်နိုင်မည်ဖြစ်သည်။
ကရင်နီလွတ်မြောက်ရန်၊ နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ရန်အတွက် ကရင်နီပြည်ကို ဝင်လာသမျှ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအစမှသည် ယနေ့တိုင် လက်သန်ပြောင်စွာခုခံနေသည့် ဒေသဖြစ်သောကြောင့် ယခုပြုလုပ်သည့် ကမ်ပိန်းကို”ကရင်နီ တံခါး” ဆို၍ တင်စားရခြင်းဖြစ်ကြောင်း ကမ်ပိန်းစီစဉ်သူများထံမှ သိရှိရသည်။
ကမ်ပိန်းမှ ရရှိသည့် ရန်ပုံငွေများကို ဖယ်ခုံ-မိုးဗြဲဇုန်ရှိ ပူးပေါင်းမဟာမိတ်အင်အားစုများမှာဟKNDF Pekhon Zone( B03,B11,B22)၊ PKPDF1၊ PKPDF2၊ MBPDF1၊ MBPDF2 ၊ URF ၊ PKSPDF၊ ဗျူဟာ(၂)PDF (P3-1003,P3-1005, P3-1008,P3-1009,P3-1011) များ ခဲယမ်းဝယ်ယူရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းတွင် Kpay၊ Wave pay၊ NUG pay တို့မှ တစ်ဆင့် ပါဝင်နိုင်ပြီး ပြည်ပမှ ဆိုလျှင် ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား ၊ မလေးရှား ၊ US၊ UK ၊ သြစတြေးလျ ဘဏ်အကောင့်များမှ ပါဝင်ထောက်ကူပေးနိုင်ကြောင်း သိရှိရသည်။
‘ကရင်နီတံခါး’ ကမ်ပိန်းတွင် ပါဝင်လိုသူများအနေနှင့် https://www.facebook.com/profile.php?id=61553853697116… တွင် ဝင်ရောက်၍ အသေးစိတ်ကြည့်ရှုနိုင်မည်ဖြစ်သည်။