ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မျက်နှာစုံညီပွဲမှာ တပ်ခွဲရဲ့ ရဲဘော်ဟောင်း၊ရဲဘော်အသစ်တွေ စုံညီစွာတက်ရောက်ခဲ့ကြပါတယ်။
“သုံးနှစ်ပြည့် ကျွန်တော်တို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တပ်ခွဲ ၁ မျက်နှာစုံညီပွဲနှင့်အတူ တွေ့ဆုံပွဲလေး ကျင်းပပြီးစီးခဲ့သည်။ရဲဘော်ဟောင်း ရဲဘော်သစ် စုံညီစွာ တက်ရောက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျ”ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တပ်ခွဲ ၁ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
တပ်ရင်းတည်ထောင်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းကာ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသတွေမှာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း ၅၀ ကျော် တိုက်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ တပ်ခွဲ ၁ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဖယ်ခုံမိုးဗြဲအခြေအနေက မိုးဗြဲမှာက ၄၂၂ တပ်က လွဲလို့ကျန်တာ အကုန်ကျနော်တို့ ရထားပြီဗျာ ဖယ်ခုံ မှာလဲ တပ်ထဲကလွဲမြို့ထဲထိ ကျနော်တို့ အကုန်စိုးမိုးထားတယ်ဗျာ။ဖယ်ခုံ မိုးဗြဲမှာက ကျနော်တို့ ၁၁၁၁ နဲ့ လှုပ်ရှား အသေးစိတ်ပြောလို့အဆင်မပြေဘူးဗျာ”လို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေထုတ်ပြန်အပြီးမှာ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖယ်ခုံ တပ်ရင်း ၂ တပ်ခွဲ ၁ သို့ ရဲဘော်အသစ် ၄၀ ကျော်ဝင်ရောက်ခဲ့ပြီး တပ်ရင်းအနေဖြင့် ရဲဘော်အသစ် ၈၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။