ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ စစ်သားများက ဖရူဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ ကျေးရွာ ၂ ရွာကို ၁၂၀ မမ လက်နက်ကြီး ၁၅ လုံးကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ထိခိုက် ပျက်ဆီးကာ နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော ကျေးရွာများသည် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများကို ရန်သူသဖွယ်သတ်မှတ်၍ အသက် အိုးအိမ်များကို ထိခိုက် ပျက်စီး သေဆုံးစေလိုသော ရည်ရွယ်ချက်များဖြင့် စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။