ကရင်နီပြည်နယ်၊ ဖရူဆိုမြိုနယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်း ဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း Union of Karenni State Youth – UKSY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက်ည သန်းခေါင်ယံအချိန်နှင့် ယနေ့ နံနက်အစောပိုင်း အချိန်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ် ကောင်စီ တပ်က တိုက်လေယာဉ် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
“လူတွေကတော့ ရှောင်တိမ်းနိုင်လိုက်လို ထိခိုက်မှုမရှိပါဘူးဗျ၊ နေအိမ်တွေ ကတော့ ထိခိုက်ပျက်စီးသွား ပါတယ်၊ ရွာနာမည်ကတော့ လုံခြံရေးအရ ဖော်ပြ ခွင့်မပြုတာပါ” ဟု Union of Karenni State Youth – UKSY မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် စစ်ရေး တင်း မာ နေသော ကရင်နီပြည်နယ်တွင် အရပ်သား ပြည်သူများနေထိုင်သည့် ကျေး ရွာများ၊ လူနေအိမ်များ၊ စစ်ဘေးရှောင်များ၏ နေရာများကို တိုက် လေ ယာဉ် များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက် တိုက်ဆို သလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။