ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ် စစ်ကောင်စီရဲ့ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်း ၄၃၄ ကို KNLA နှင့်တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့က ဒီနေ့ဧပြီ ၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။
ဖာပွန်မြို့က စစ်ကောင်စီရဲ့နယ်မြေခံတပ်ရင်း ၁၉ နှင့် တပ်ရင်း ၆၄၂ နှင့် တပ်ရင်း ၄၃၄ စုစုပေါင်းတပ်ရင်း ၃ ခုတပ်စခန်းများကို KNLA နှင့်တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ် ပါတယ်။
“ဒီနေ့ ၄၃၄ တပ်ရင်းဌာနချုပ်ကိုတက်သိမ်းလိုက်ပြီ။ မနက် ၇ နာရီကစတိုက်တာ နေ့လယ် ၂ နာရီ ေကျာ်ေလာက်မှပြီးတယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ တနေကုန်ပစ်တယ်” ဟု နယ်မြေခံစစ်ရေး သတင်းရင်းမြစ်ကဆိုပါတယ်။
ကူးဆိပ်ရွာနှင့် ဖာပွန်မြို့အကြားမှာတည်ရှိသည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များသည် တပ်ရင်း ၁၉၊ ၃၄၀၊ ၃၄၁၊ ၆၄၂၊ ဗျူဟာကုန်း နှင့် တပ်ရင်း ၄၃၄ တို့ဖြစ်ကြသည်။
စစ်ကောင်စီ၏ တပ်ရင်း ၁၉ နှင့် တပ်ရင်း ၆၄၂ ကိုတော့ မတ်လ ၂၉ ရက်နေ့တွင် KNLA နှင့်တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။