ကချင်ပြည်နယ် ဖားကန့်မြို့တွင် အောက်တိုဘာ ၁၄ ရက်နေ့က စစ်အာဏာရှင် အမြစ်ဖြတ်ဆန့်ကျင်ရေးသပိတ်နှင့် KIA, PDF,NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသော ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ရှောင်စခန်းမှ ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ကြကာ “ မုန်လိုက်ခက် နဲ့ အတူ ရပ်တည်ကြ ဖက်ဆစ်စပ်တပ် အမြစ်ဖြတ်ကြ” ၊“ စစ်အာဏာရှင် စနစ် လုံးဝ အုပ်ချုပ်ခွင့်မရ စေရ “၊ “ သွေးမအေးကြေး နွေဦးတော်လှန်ရေး” စသည့်ကြွေးကြော်သံများဖြင့် သပိတ်မှောက်ခဲ့ကြသည်။