ကချင်ပြည်နယ် ဖားကန့်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော် ၊KIA ၊PDF နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပြည်သူများ တစ်နိုင်ငံလုံး တပြိုင်နက် ဆင်နွှဲနေသော ၁၀၂၆ စစ်ဆင်ရေး အောင်မြင်ရန် ဆုတောင်းပေးခဲ့ကြကာ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”၊ “အကြမ်းဖက်စစ်တပ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ”၊“စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့်ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။