ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ (ဇွန်လ ၇) နံနက်ပိုင်းက မှော်လှည့်သပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ စစ်အာဏာရှင် ကို ဆန့်ကျင်ကြောင်းနှင့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “ပြိုင်တူတွန်းကြမယ်ဗျာ ပြည်သူတင်းရင် စစ်အာဏာရူး ခံနိုင်ရိုးလား” ၊ “တော်လှန်မှာလား ကျွန်ခံမှာလား ကြိုက်တဲ့လမ်းကိုရွေး” ၊ “သွေးမအေးနဲ့ သွေးမကြောင်နဲ့ သွေးမကွဲနဲ့ အာဏာရူးတွေ ခံနိုင်ရိုးလား” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “စစ်မှုမထမ်းမနေရ ဥပဒေအလိုမရှိ” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့်စာတန်းများကိုင်ဆောင်၍ ချီတက်သပိတ်မှောက်ခဲ့ကြသည်။