ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် ဖားကန့်ပြည်သူများက အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု သပိတ် ၃နှစ်ပြည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများ က “KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” “NUG အစိုးရ ဒို့အစိုးရ “ “ စနစ်ပြောင်းဖို့အတွက် တော်လှန်ရေးမှ တပါး အခြားမရှိ””စစ်ခွေးထွက်ပြေး ၂၀၂၄ အောင်လံ လွင့်ထူ PDF မူ “ “ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ “ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။