ဖားကန့်မြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့၌ KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြ ပြည်သူများက “ပြည်သူ့အစိုးရနှင့် ပြည်သူ့သံအမတ်ကိုလက်ခံပါ ၊အာဏာရှင်ကို ဆန့်ကျင်ပါ” ၊ “ငါတိုမှာ ငါတို့ပဲရှိတယ် ငါတို့နိုင်ကိုနိုင်ရမယ်” ၊ “ဘုံရန်သူကို အမြစ်ဖြတ်တိုက်ဖို့ တပ်ပေါင်းစုဖြင့်ချီတက်စို့” ၊ “ဘုံရန်သူ တူနေရင် ညီ ညွတ်ရေးလည်း ယူနိုင်ရမယ်” ၊ “စစ်အာဏာရှင် စနစ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ၊ “နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြောင်း သိရသည်။