ဖားကန့်မှော်လှည့်သပိတ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ညနေ အင်အား ၂၀၀ ကျော်နဲ့ စစ်အာဏာရှင်ကိုသံပုံးတီးမောင်းထုတ်ဆန္ဒပြခဲ့ကြပါတယ် ။
“စစ်မှုထမ်းမှု ဥပဒေ အလိုမရှိ အလိုမရှိ” ၊ “မတရားမှုမှန်သမျှဆန်ကျင်ကြ ဆန့်ကျင်ကြ” ၊ “ဓါးပြတိုက် လူသတ်စစ်ကောင်စီ အလိုမရှိ အလိုမရှိ “စတဲ့ကြွေးကြော်သံတွေနဲ့
ဒီကနေ့ (ဧပြီ ၁၇ )ညနေ ၆ နာရီ ကနေ ၆ နာရီ ၄၅ မိနစ်အထိ့ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ် ။ဒါအပြင် “KIA တွေဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ်”၊ “PDF တွေဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ်”၊ “PDF ရဲဘော်ဒို့ရဲဘော် ဒို့ရဲဘော် ” စတဲ့ကြွေးကြော်သံတွေလည်းကြွေးကြော်ခဲ့ပါတယ် ။ ဖားကန့်မှော်
လှည့်သပိတ် စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ လုံခြုံရေး စိန်ခေါ်မှုတွေရှိနေတဲ့ ကာလတွေမှာတောင် မနားပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ် ။