ဖားကန့်မြို့နယ်မှ မှော်လှည့်သပိတ်စစ်ကြောင်းက ယနေ့ (စက်တင်ဘာလ ၁၅) နံနက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
အင်အား ၄၀ ခန့်ပါသော ဖားကန့်မြို့နယ် မှ မှော်လှည့်သပိတ်အဖွဲ့က ” အမေစုနှင့် နိုင်ငံခေါင်းဆောင်များ ချက်ချင်းလွှတ်” ၊ ” KIA တွေ ဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ်” ၊ ” PDFတွေ ဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ်” ၊ ” တရားမျှတမှု ရရှိရေး တို့အရေး” ” စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဘုံရန်သူကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုဖြင့် ချီတက်စို့ “ဟု ကြွေးကြော် ချီတက်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင်ဦးကျော်မိုးထွန်းသည်သာ မြန်မာပြည်သူများ၏ သံအမတ်ကြီးဖြစ်ကြောင်း ကြွေးကြော် ချီခဲ့ကြသည်။