ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ညောင်ပင်သာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ စစ်ရုံးချုပ်မှ သြဂုတ် ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် ရဲစခန်းကို သြဂုတ် ၉ ရက် ၊ နေ့လည် ၁၂ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ တပ်ရင်း ၁ ရဲ့ တပ်ခွဲ ၃၊ အာဠာဝက စစ်ကြောင်း ၊ဖြုးမြို့နယ် ပကဖ တို့မှ ပူးပေါင်း စစ်ဆင် ရေး တစ်ရပ်အဖြစ် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် ရဲသား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ စစ်ဆင်ရေး ဖော်ဆောင်မှုအပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။