ယနေ့(မေလ ၈ ရက်)ကျရောက်သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း(၈၈)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကရင်နီရောက် ဗကသများဦးဆောင်၍ ဒေသခံ ကျောင်းသားသမဂ္ဂများနှင့်အတူ ကရင်နီပြည်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအောင်လံတော်အား အလေးပြုကြပြီးနောက် ကျောင်းအသီးသီးမှပေးပ်ို့လာသောသဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်းနှင့် ဗကသများအဖွဲ့ချုပ်သမိုင်းအကျဥ်းချုပ်အား ပြောကြားခြင်းအစီအစဥ် များအပြင် ဗကသများအဖွဲ့ချုပ်ပေါ်ပေါက်လာပုံနှင့်လှုပ်ရှားမှုသမိုင်းအကျဥ်းဆောင်းပါးပါ လက်ကမ်းစာစောင်များအား ဝေငှခြင်းများပြုလုပ်ခဲ့ပါသည်။
၁၉၃၆ ခုနှစ် မေလ ၈ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကို ကျင်းပခဲ့ပြီး ထိုညီလာခံ၏ဆုံးဖြတ်ချက်အရ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) – All Burma Studends Union (ABSU) ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့တွင် (၈၈)နှစ်တ်ိုင်ခဲ့ပြီဖြစ်သည်။