ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်သင်္ဘော အုပ်စု ရောက်ရှိလာချိန်တွင် အကြမ်းဖက် စစ်တပ်က မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသည့် ရိက္ခာများ တင်ဆောင်လာသော စစ်င်္ဘောအုပ်စုသည် ဗန်းမော်မြို့သို့ ရောက်ရှိလာချိန် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က သင်္ဘောများ ဖြတ်သန်းလာရာ မြစ်ကမ်းတစ်လျှောက်ရှိ စင်းခန်း ကျေးရွာ၊ မြလယ်ကျေးရွာ၊ ကောင်းတုံကျေးရွာနှင့် တောတောင်များအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“ဗန်းမော်မြို့ပေါ်ကနေ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ ခုတင်ပဲ အချက်ရေ ၄၀ ကျော်နေပြီ ဗန်းမော်မြို့အထွက် မိုးမောက်ဘက်ကနေ ပစ်နေတယ်လို့ သိရတယ်။ စစ်ခွေးတွေရဲ့ သင်္ဘော တွေတက်လာလို့ စင်းခန်းရွာဘက်ကို ပစ်နေတာ မနက်၄ နာရီတည်းကနေ ဆက်တိုက်ပစ်နေတာ အခုနံနက် ၈ နာရီခွဲ အထိပဲ စစ်ခွေး သင်္ဘောတွေ ရွှေကူက တက်လာတာရောက်လာပြီ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။