ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းအား KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်း အဖြစ်သို့ တရားဝင်ကူးပြောင်းလိုက်ပြီဖြစ်တယ်လို့ စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
Lion စစ်ကြောင်းကို အရင်က KTLA ကော်သူးလေ Army ရဲ့ လက်အောက်ခံ စစ်ကြောင်း ၁ ကြောင်းဖြစ်ခဲ့ပြီး၊ ဒီနေ့ အချိန်မှ စတင်ကာ KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) ရဲ့ ကွပ်ကဲမှု လက်အောက်ခံ တပ်ဖွဲ့အဖြစ် ပြောင်းလဲ ခံယူလိုက်တယ်လို့ စစ်ကြောင်းမှူးမှ ဆိုပါတယ်။
ရှေ့ဆက် လုပ်ဆောင်မယ့် စစ်ရေးတာဝန်များကို KNLA တပ်မဟာ (၆) ရဲ့ အမိန့်ပေးကွပ်ကဲမှု ပုံစံအောက်မှာ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များ နဲ့ အတူပူးပေါင်း သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီထုတ်ပြန်စာ ထွက်ရှိပြီးတဲ့နောက်ပိုင်း Lion Battalion Commando စစ်ကြောင်းက KNLA တပ်မဟာ (၆) မှ ချမှတ်ထားတဲ့ စည်းမျဥ်း ၊စည်းကမ်း၊ ဥပဒေများအတိုင်း စစ်ရေးလုပ်ဆောင်သွားမှာ ဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။