ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ (UN) သံရုံးရှေ့မှာ ထိုင်းရောက်မြန်မာတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သွေးမအေးကြောင်း ဒီနေ့ ဇူလိုင် ၂ ရက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ့အရေးတောင်းဆိုမှုကို ကုလသမဂ္ဂနဲ့ အသစ်တက်လာမယ့် ထိုင်းအစိုးရတို့ သိစေချင်တဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနက်ဖြန်မှာ ကျရောက်မယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးနေ့အတွက် ဈာပနအခမ်းအနားတစ်ခုအနေနဲ့ ကျင်းပခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ရဲ့ ဆန္ဒပြတောင်းဆိုပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်းဒီမိုကရေစီအရေး လှုပ်ရှားသူတချို့လည်း လာရောက်ဝန်းရံခဲ့တယ်လို့ သိရပါတယ်။