ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် တော်လှန်ရေးနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသူများ၏ နေအိမ် သုံးလုံးကို ဇွန်လ ၉ ရက်နေ့ တွင် စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အိမ်ချိတ်ပိတ် ခံရသည့် အိမ်များမှာ PDF များကို ဆက်သွယ်၊ထောက်ပံသည်ဟုဆိုကာစွပ်စွဲဖမ်းဆီးခံထားရသူတစ်ဦး နှင့် ထွက်ပြေးတိမ်းရှောင်နေရသူနှစ်ဦးတို့၏ နေအိမ်များဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဖမ်းမမိတာနဲ့ နေအိမ်တွေကိုပြသနာလိုက်ရှာနေတာ သူတို့ကတစ်ခုခုဆို အိမ်တွေကိုချိတ်ပိတ်ပစ်နေတာ” ဟု ဒေသခံတစ်ဥဦးကပြောသည်။
ဘိုကလေးမြို့အမှတ်၃ရပ်ကွက်တွင်နေထိုင်ပြီး ပုဒ်မ၅၂(က) နှင့် ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦး၏ နှစ်ထပ်တိုက်တစ်လုံး၊ အမှုဖွင့်ခံရပြီး တိမ်းရှောင်နေသည့် အမှတ်၉ရပ်ကွက် ၁၀လမ်း တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ တစ်ထပ်တိုက်တစ်လုံးနှင့် သာပေါင်းကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦး၏ ပျဉ်ထောင်အိမ်တစ်လုံးတို့ကို ချိတ်ပိတ်သမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောသည်။
” လာပြီးချိတ်ပိတ်တဲ့စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက အိမ်မှာနေတဲ့ မိသားစုဝင်တွေအားလုံးကို ဖယ်ရှားခိုင်းတယ်။ ဘိုကလေးမြို့နယ်အတွင်းမှာရှိတဲ့ သူတို့ကိုဆန့်ကျင်တဲ့နေအိမ်တွေကို ဆက်ပြီး ချိပ်ပိတ်ဦးမယ်လို့လည်း ခြိမ်းခြောက်သွားတယ် “ ဟု ဘိုကလေးဒေသခံတစ်ဦးက ပြောသည်။
ဘိုကလေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုကူညီသည်ဟု စွတ်စွဲ ခံထားရသူများ၏ နေအိမ် စုစုပေါင်း ၂၀နီးပါးက်ိုစစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားသည်။