ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူးခရိုင်မှာ ခရိုင်အဆင့် ပြည်တွင်းဌာနေမဲ့ ကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P) မှ ဦးဆောင်ပြီး လူထုအုပ်ချုပ်ရေးအသိပညာပေး ရက်တိုသင်တန်းအားပြုလုပ်ခဲ့တယ်လို့ ဒူးသထူးခရိုင် သတင်းနှင့်ပြန်ကြားရေးမှ မနေ့က ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားပါတယ်။
လူထုအုပ်ချုပ်ရေးအသိပညာပေး ရက်တိုသင်တန်းကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ ဘီလင်း မြို့နယ်မှာ ၂ ရက်တာ ပြုလုပ်ခဲ့ပြီး၊ သင်တန်းသို့ခရိုင်၊ မြို့နယ်ခေါင်းဆောင်များ၊ ကရင်ဒုက္ခသည် များဆိုင်ရာကော်မတီ၊ ကရင်လူငယ်အဖွဲ့အစည်း တာဝန်ရှိသူများ၊ ဖားအံ ၊ဘီးလင်း မြို့နယ်က ရွာ ၁၅ ရွာမှ ၊ ၁ ရွာကို ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ ကေအဲန်ယူ-ဒူးသထူးခရိုင် အုပ်ချုပ်နယ်မြေမှာရှိတဲ့ ကျေးရွာများမှ ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ် ထားတဲ့ ဥပဒေ၊စည်းမျဥ်း၊စည်းကမ်း၊မူဝါဒ၊လုပ်ငန်းစဥ်များနဲ့အညီ ကျေးရွာ၊ ဒေသမှာ အဘက် ဘက်မှ ဖွံ့ဖြိုးရေးအတွက် ချိတ်ဆက်လုပ်ဆောင်မှု၊ ပူးပေါင်းလုပ်ဆောင်မှု၊ လုပ်ထုံးလုပ်နည်း များအား သိရှိနားလည် ကာ ပြန်လည်အကျိုးပြုနိုင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
လူထုအုပ်ချုပ်ရေး အသိပညာပေး (Community Governance Skill Training )ခေါင်းစဥ်ဖြင့် ဗဟိုသင်တန်းဆရာ စောထရူးမန်းမှ သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား လူဦးရေ ၃၀၀ ကျော်တက် ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။