မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်မှာရှိတဲ့ ဒေါက်ရက် ကျေးရွာမှာ ကင်းပုန်း ဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို တောကျီးကန်း စစ်ကြောင်းနဲ့ KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်း စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဒီနေ့ မနက် ၆ နာရီအချိန်မှာ သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများရှိကာ အထိခိုက်ကျဆုံး စာရင်း ကို အသေးစိပ် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တို့ ကြား သထုံ၊ ဘီလင်း ၊ကျိုက်ထို မြို့နယ် ရန်ကုန် – မော်လမြိုင်ကားလမ်းမတလျှောက်မှာ ထိတွေ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်လို့ ခရီးသွားပြည်သူတွေ သတိနဲ့ သွားလာကြဖို့နဲ့ သက်ဆိုင်ရာ စစ်တိုင်းဒေသတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။