မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တိုးဂိတ်နှင့် ယာဥ်တန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်ကား ၂ စီး တိမ်းမှောက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ဘီးလင်း တိုးဂိတ်ဟောင်းရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက် ၈ နာရီခန့်တွင် ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင် လာသည့် စစ်ကား ၄ စီးပါ အကြမ်းဖက် စစ်တပ်ယာဥ်တန်းကို အလူးလေး အထပ်သား စက်ရုံအနီး၌ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကား ၂ စီး တိမ်းမှောက်သွားကာ စစ်သားများ ထိခိုက်သေဆုံး အခြေအနေကို အတည်မပြုနိုင်သေးကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။