မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၈ ဌာနချုပ်စခန်းမှ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဒူးသထူးခရိုင်က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စကခ-၈ လက်အောက်ခံ တပ်ရင်းများဖြစ်သော အမှတ် ၄၁၀ ခြေမြန် တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ၂ ဦး၊ လေးကေတပ်စခန်းမှ တပ်သား ၁ ဦးသည် KNU – ဒူးသထူခရိုင်ရှိ KNLA/KNDOနှင့် ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့ထံသို့ လက်နက်အပ်နှံကာ အလင်း ဝင်ခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်ခဲ့သူများမှာ စစ်ကောင်စီ ခမရ ၄၁၀ တပ်ရင်းမှ အသက် ၃၂ နှစ် အရွယ် တပ်သား ချစ်ထွေး သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်းကောင်း၊ အသက် ၃၅ နှစ်အရွယ် တပ်သား စိုးနိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း၊ အသက် ၃၃ နှစ် အရွယ် တပ်သားကျော်မျိုးလှိုင်သည် ၂၀၂ ၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်းကောာင်း အ လင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့သို့လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သား ၃ ဦးကို ထိုက် သင့်သည့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တော်လှန်လိုပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ မိသားအ ရေးအတွက် လိုအပ်ပါက အလုပ်အကိုင်နှင့်နေစရာစီစဉ်ပေးမည်ဖြစ်ကြောင်း ကေအဲန်ယူ-ဒူးသထူ ခရိုင်၊ ခရိုင်ဥက္ကဌ ပဒိုစောစိုးမြင့် မှပြောဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ် (စကခ-၈)လက်အောက်ခံ ခမရ-၄၁၀ တပ်ရင်းသည် ဘီးလင်းမြို့နယ်၊ လေးကေရွာအလယ်တွင် တပ်စွဲထားကာ စစ်ကောင်စီ၏ ဝင်းတာပန်တပ်စခန်းသည် ဘီးလင်းမြို့ နယ်၊ ဝင်းတာပန်ရွာဘေး၌ တပ်စွဲထားကြောင်း သိရသည်။