ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူး(သထုံ)ခရိုင် ၊တပ်မဟာ(၁)နယ်မြေသို့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေးတပ်သား ၁ ဦးလက်နက်နဲ့တကွ အလင်းဝင်ရောက် လာခဲ့တယ်လို့ KNU တပ်မဟာ (၁)ထံမှ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုစစ်ဌာနချုပ် အမှတ် (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၄၁၀ မှ ဆက်သွယ်ရေးတပ်သားဟာ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက်အပို ၄ ခု၊ ကျည်ဆံ ၃၀၀ တောင့်၊ အီနာဂါ ဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်ကာ အလင်းဝင်ခဲ့တာပါ။
အဆိုပါ အလင်းဝင်လာတဲ့ ဆက်သွယ်ရေးတပ်သားက အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လို စိတ်မရှိတော့သဖြင့် လက်နက်ချ ၊အလင်းဝင် ရောက်လာခဲ့တယ်လို့ ပြောပါတယ်။
အခုလို လက်နက်၊ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ဆက်သွယ်ရေး တပ်သားအား KNU တပ်မဟာ(၁) တာဝန်ရှိသူများ က ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။